အမရပူရ စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ဘိုကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်ပေးခဲ့သည်။ ယင်းနောက် အမရပူရမြို့နယ် စီမံအုပ်ချုပ်အဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးကျော်တေဇနှင့် အတွင်းရေးမှူး ရဲမှူးမျိုးလွင်အောင်တို့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များကို ပြောကြားခဲ့ သည်။ ထို့နောက် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာကလိုအပ်သည့် ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဆင့်တိုးပေးနိုင်ရေး၊ ပေါက်တောကျေးရွာလမ်း ကွန်ကရစ်လမ်းခင်းနိုင်ရေး၊ တောင်သူအသုံးဆောင် ဓာတ်မြေသြဇာ ထောက်ပံ့နိုင်ရေးစသည့် အချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနများက ရှင်းလင်းပေးခဲ့ကြသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်းရှိ ကိုယ်ဝန်သည်များနှင့် တစ်နှစ်အောက် ကလေးမိခင်များအတွက် ကြက်ဥများနှင့်ကျေးရွာအတွက် နှာခေါင်းစည်း Mask များကို ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကျန်မာရေးဦးစီးဌာနကကျေးရွာအတွင်းကို ဗစ်ကာကွယ်ဆေးမထိုးရသေးသူ များ၊ နှစ်ကြိမ်ထိုးပြီး ၆ လကျော်သူများအား ထပ်ဆောင်းဆေးထိုးခြင်း လုပ်ငန်းများ၊ မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အသိပညာပေးသရုပ်ပြပေးမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်ဘေးအန္တရာယ် ကာကွယ်ရေး သရုပ်ပြမှုများ ကို ဆောင်ရွက်ပေးခဲ့ရာ အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)