စဉ့်ကူးမြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

စဉ့်ကူး   စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို စဉ်ကူးမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အလယ် တန်းအဆင့်တွင် “တစ်နိုင်ငံလုံးစာတတ်မြောက်ရေး ဝိုင်းဝန်းကူညီပါဝင်ပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်တွင် “ အမျိုးဂုဏ်ကို မြှင့်တင်ဖို့ စာတတ်မြောက်ဖို့ ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆) ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)