ရွာငံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေး

ရွာငံ စက်တင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု၊ ကဇက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်​သော စစ်ကြောင်းကြီးငါးကြောင်းနှင့် ကဇက်ကျေးရွာမှဒေသခံပြည်သူတို့နှင့် ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံဆွေးနွေးကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင် ၁ ဗိုလ်မှူး​ကျော်​​ကျော်ဝင်းက နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရက်တို့ကို အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေမှုများ၊  တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်နေမှုများနှင့် နိုင်ငံ့စီးပွားမြှင့်တင်​ရေးရန်ပုံ​ငွေမှ မတည်​ထောက်ပံ့​ငွေဆိုင်ရာကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး၊ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါ​ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စစ်​ကြောင်းကြီး ၅ ကြောင်းမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများတက်​ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။ 

ပြည့်ဖြိုးသန့်