မဟာအောင်မြေ စက်တင်ဘာ ၁
မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ဂီတ၊ သဘင်၊ ပန်းချီ အနုသုခုမပညာရပ်များ လက်ဆင့်ကမ်းမျှဝေခြင်း ယဉ်ကျေးလိမ္မာမြန်မာ့အနုပညာ အစီအစဉ်ကို ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဂီတ၊သဘင်၊ပန်းချီ အနုသုခုမပညာရပ်များ လက်ဆင့်ကမ်းမျှဝေခြင်း ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ အစီအစဉ်ကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မန္တလေး ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မန္တလေး ဂီတပညာဌာနပါမောက္ခဌာနမှူး ဦးဇော်ဝင်းမင်း၊သဘင်ပညာဌာန ပါမောက္ခဌာနမှူး ဒေါ်ချောစုစုကြည်၊ပန်းချီပညာဌာန တွဲဖက်ပါမောက္ခဌာနမှူး ဒေါ်စန္ဒာဝင်းတို့က ဘာသာရပ်ဆိုင်ရာများအား အသီးသီးရှင်းလင်းပြောကြားပြီး ဂီတ၊သဘင် ပညာဌာနဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သရုပ်ပြဖျော်ဖြေတင်ဆက်ခြင်း၊ဂီတ၊သဘင်၊ပန်းချီပညာဌာန ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများကလည်း လက်တွေ့သင်ကြားပြသခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားအား အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မန္တလေး ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ဂီတ၊သဘင်၊ပန်းချီ ပညာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများ၊ မြို့နယ်ပညာရေးမှူး ဦးလှမြင့်၊ ဆရာ/ဆရာမများ၊ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း