ကျောက်ဖြူ စက်တင်ဘာ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက (ခွဲ)၊ အလက(၂)မြို့မကျောင်းနှင့် အထက(ခွဲ)တောင်ရင်းကျောင်းများမှ အသက်(၁၂)နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက်(၁၀)နာရီက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါကျောင်းများသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား (တတိယအကြိမ်မြောက်)ထပ်မံ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာတွင် ဆေးထိုးနှံခြင်းမပြုမီ သက်ဆိုင်ကျောင်းများမှ တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းများ ကူညီ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနာနမှ ဝန်ထမ်းများက ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိသည်။ ယင်းနောက် ဆေးထိုးနှံမှုပြီးပါက သတ်မှတ်နေရာများတွင် မိနစ်(၃၀)ခန့် စောင့်ကြည့်ခြင်းကို အနီးကပ်စောင့်ကြပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိသည်။
ကျောက်ဖြူမြို့၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်း သူ(၂၀၁၂၈)ဦးကို ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးအားလည်းကောင်း၊ (၁၆၇၅၃)ဦးတို့အား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးအားလည်းကောင်း ထိုးနှံပေးထားပြီးဖြစ်ကာ ယနေ့တွင်(တတိယအကြိမ်မြောက်) ကိုဗစ်ကာကွယ်ဆေးအား ကျောင်းသား၊ ကျောင်းသူများအား ထပ်မံထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း