မိုင်းဆတ် စက်တင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အမျိုးသမီးများအပေါ်အကြမ်းမှုမှကာကွယ်ရေး အသိပညာပေး TalkShow ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းဆိုင်ရာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးအစားများ၊ စသည်တို့ကို ဆွေးနွေးမေးမြန်းရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက လူမှုရေးနယ်ပယ်အသီးသီးတွင်လည်းကောင်း၊ လုပ်ငန်းခွင်များတွင်လည်းကောင်း၊ ဆက်သွယ်ရေးကွန်ယက်တွင်လည်းကောင်း၊ သတင်းမီဒီယာတွင်လည်းကောင်း အမျိုးသမီးများ၏ အခွင့်အရေးကိုချိုးဖောက်၍ ခွဲခြားဆက်ဆံခြင်း၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများခြိမ်းခြောက်၍လည်းကောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာများစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)