ပန်းဘဲတန်း စက်တင်ဘာ ၁၄
ပန်းဘဲတန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ပြည်သူများအား နှာခေါင်းစည်း(Mask) ၊ Hand Wash Tissue များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မဟာဗန္ဓုလလမ်းပေါ်နှင့် သိမ်ကြီးဈေးအတွင်းရှိ ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းပေါ် သိမ်တော်ကြီးမှတ်တိုင်နှင့် (၂၆)လမ်းဈေးအတွင်း ဖြတ်သန်း သွားလာသည့် ပြည်သူများ၊ သိမ်ကြီးဈေးအတွင်း ဈေးရောင်းချသူ၊ ဈေးဝယ်သူ ပြည်သူများအား အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း လျော့နည်းစေရန်နှင့် နေအိမ်ပြင်ပ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားရန်အတွက် နှာခေါင်းစည်း (Mask) နှင့် Hand Wash Tissue များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင် ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တော်ဝင်နှလုံးသား ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)