ညောင်ဦး စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ညောင်ပင်ကန်ကျေးရွာ အခြေခံပညာအထက်တန် းကျောင်းခွဲသို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)မှ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ကျေးရွာများ၊ တဲတိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများသို့ သောက်သုံးရေများလှူဒါန်းပေးလျက်ရှိရာ ညောင်ပင်ကန်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ သို့သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်းသိရပြီး ညောင်ပင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူ ၆၀ ဦး ပညာသင်ကြားနေကြောင်း သိရသည်။
ကိုကြေးမုံ