ပင်လောင်း သြဂုတ် ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်နိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများထံသို့ ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်မတွင် ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်တစ်လကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ အဆိုပါ ထောက်ပံ့ငွေများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများက မိမိတို့နှင့်သက်ဆိုင်သည့်ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက်ထောက်ပံ့ငွေများ သွားရောက်ပေးအပ်သွားမည်ဖြစ်သည်။
ပင်လောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၄၇၉)ဦးအတွက် စုစုပေါင်းငွေကျပ်(၁၄,၃၇၀,၀၀၀)သိန်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။
ခွန်အာကာစိုး