မက်မန်းမြို့၌ Cast For Work စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

မက်မန်း ဩဂုတ်  ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌  ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် Cast For Work စီမံကိန်းဖြင့် အေးကျန့်ကျေးရွာအုပ်စု၊ မွန်နိုးကျေးရွာ၌ အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသော ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ကကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုင်း ညီဇော်လှအောင်၊  စီမံကိန်းတာဝန်ခံ ဦးဇာနည်ဝင်းနှင့် ဝန်ထမ်းများက အေးကျန့် ကျေးရွာအုပ်စု၊ မွန်နိုးကျေးရွာ တွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော (၅၀၀’x ၁၂x ၆)ထုရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းကို အရည်အသွေး ပြည့်မီစွာနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြား ခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်( ခရိုင်ပြန်/ဆက်)