ချောင်းဆုံတွင် Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေး

ချောင်းဆုံ ဩဂုတ် ၃၁

မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင်ကျေးရွာများရှိ ကျေးလက်နေပြည်သူများအနေဖြင့် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီနိုင်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများအား လျော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရွှေ (ကျေးလက်နှင့်မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (Shwe Bank)တို့ ချိတ်ဆက်ကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင်ဖြစ်သည့် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မုခနီးကျေးရွာဓမ္မာရုံ၌ Mobile Financial Payment စနစ်ဖြင့် စီမံကိန်းရန်ပုံငွေများကို စီမံကိန်းဝင်အသင်းသားများအား ယမန်နေ့ကစတင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါစနစ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်()ခုရှိ မြို့နယ်()မြို့နယ်မှ ကျေးရွာ()ရွာကို ရှေ့ပြေးစမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မော်လမြိုင်ခရိုင်အတွင်းရှိ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်တို့ရှိ ကျေးရွာ()ရွာစီအား Mobile Financial Payment စနစ်ဖြင့် ရွှေ(ကျေးလက်နှင့်မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (Mobile Digital Wallet)မှ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးကြပ်ပြီး မုခနီးကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်အသင်းသား/ သူ (၇၁)ဦးအား ရန်ပုံငွေကျပ် (၃၁၈)သိန်းကို ဩဂုတ် (၃၀မှ ၃၁)ရက်နေ့ထိ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)