ကျိုင်းလပ် ဩဂုတ် ၃၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ရက်သတ္တပတ် အစာအာဟာရတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မိုင်းပါလျှိုးကျေးရွာအုပ်စု နမ့်ဆီး (လားဟူ)ကျေးရွာ အ.မ.က စာသင်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ အလှည့်ကျရက်သတ္တပတ် အစာအာဟာရတိုက်ကျွေးလျက်ရှိရာ နမ့်ဆီး (လားဟူ) အ.မ.က စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျေးလက်ဒေသနေ ကျောင်းသား ၁၈ ဦး၊ ကျောင်းသူ ၁၈ ဦး၊ စုစုပေါင်း ၃၆ ဦးအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေးနှင့် ဌာနဆိုင်ရာများစုပေါင်း၍ အစာအာဟာရ အလှူဒါနပြုတိုက်ကျွေးခြင်းများ ဆက်လက်ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)