ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁,၄၄၅) ဦး  ထိုးနှံပြီးဖြစ်

ကျောက်ဆည် ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇကွဲရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲတွင် စတုတ္ထအကြိမ်အဖြစ်   (၁,၄၄၅) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် ပြည်သူများအဆင်ပြေစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်းပြီး ကျောက်ဆည်မြို့၊ မြို့တော်ခန်းမနှင့် သံရွာ၊ မင်းစု၊ စမာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးရုံများ၊ စက်ရုံအလုပ်ရုံများ၊ အခြေခံပညာကျောင်းများ၌ သတ်မှတ်နေ့ရက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာ၌ ပထမအကြိမ်တွင် (၂၀၇,၈၂၁) ဦး၊ ဒုတိယအကြိမ်တွင် (၁၈၆၈၁၅) ဦး၊ တတိယအကြိမ်တွင် (၂၄,၀၁၈) ဦးနှင့် စတုတ္ထ အကြိမ် (၂၄,၀၁၈)ဦး စုစုပေါင်း (၁,၄၄၅) ဦးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် သတ်မှတ်အကြိမ်ရေ ကာကွယ်ဆေးထိုးရန် ကျန်ရှိမှုမရှိရေး ရပ်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)