မိုင်းဆတ်မြို့၌ ဆုံဆို့နာ ကာကွယ်ဆေးနှင့် အမှီလိုက် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

 

မိုင်းဆတ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဆုံဆို့နာကာကွယ်ဆေးနှင့် အမှီလိုက်ကာကွယ်ဆေး အခမဲ့ ထိုးနှံ ပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့သစ်ရပ်ကွက်ရှိ ကောင်းမှုလျှံကျောင်းတိုက် ဓမ္မာရုံတွင် ထိုးနှံ ပေးခဲ့ သည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့သစ်ရပ်ကွက်ရှိ အသက်(၁)နှစ်မှ(၃)နှစ်ထိကလေး(၂၀)ဦး၊ အသက်(၃)နှစ်မှ (၇)နှစ် ထိ(၃၉)ဦးနှင့် အသက်(၇)နှစ်မှ(၁၅)နှစ်ထိ(၄၈)ဦး စုစုပေါင်းရည်မှန်းကလေး(၁၀၇)ဦးအား ဆုံဆို့နာ ကာကွယ် ဆေးနှင့် အမှီလိုက်ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့သည်။

မိုင်းဆတ်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အသက်(၁)နှစ်မှ(၁၅)နှစ်အတွင်းရှိကလေးများကို အိမ်ထောင်စုအလိုက် စာရင်းများကောက်ယူ၍ ဆုံဆို့နာကာကွယ်ဆေးနှင့် အမှီလိုက်ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်းကို စက်တင်ဘာလ(၆)ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့် အညီ ကျန်းမာရေးဌာန ဝန်ထမ်းများက သတ်မှတ်စုရပ်နေရာများတွင် သတ်မှတ် နေ့ရက် အလိုက် ကွင်းဆင်းထိုးနှံပေးလျက်ရှိပြီး ကျန်ရှိသော ရပ်ကွက်/ကျေးရွာများမှ ကလေးငယ်များကို ဆက်လက် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)