ညောင်ဦး ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ထီးပုအုပ်စု၊ မှန်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)မှ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ကျေးရွာများ၊ တဲတိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများသို့ သောက်သုံးရေများလှူဒါန်းပေးလျက်ရှိရာ ထီးပုအုပ်စု၊ မှန်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်းသိရပြီး မှန်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး၊ ပညာသင်ကြားနေကြောင်း သိရသည်။
ကိုကြေးမုံ