တာမိုးညဲမြို့၊ မြို့အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်

 

တာမိုးညဲ စက်တင်ဘာ ၁၄

မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့ကိုဗစ်-၁၉ ရောဂါ ထိန်ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက မြို့အဝင်/အထွက်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းများကောက်ယူခြင်းနှင့် ပြည်သူ လူထု များအား အပူးချိန်တိုင်းတာခြင်းတို့ကို စက်တင်ဘာလ(၅)ရက်နေ့မှ စတင်၍ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် လျက်ရှိသည်။

တာမိုးညဲမြို့၊ မြို့ကိုဗစ်-၁၉ ရောဂါ ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ  မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် ပရဟိတ အသင်း အဖွဲ့တို့ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်း၊ နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေး ပိုစတာများ စိုက်ထူခြင်း၊ ဈေးဆိုင်များအား ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီး ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းတို့ကို အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိ သည်။

ဆက်လက်ပြီး တာမိုးညဲမြို့၊ မြို့အဝင်/အထွက်တွင် အခြားဒေသများမှ ရောက်ရှိလာကြသည့် ခရီးသွား ပြည်သူ များကို ခရီးသွားရာဇဝင်များမေးမြန်း၍ အချက်အလက်များမှတ်တမ်းရယူခြင်း၊ လိုအပ်သည့် ခရီးသွား မှတ်တမ်းအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်း စည်းများ မဖြစ်မနေတပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဌေးဌေးကြည်(ပြန်/ဆက်)