မုံးကိုး စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ နယ်စပ်ဒေသ၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က ထုတ်ပြန် ထားသည့် ကျန်းမာရေး လမ်းညွှန်ချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်ရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်သည်။
ဆက်လက်ပြီး ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားလာ ပါက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ပြီး သွားလာကြရန်၊ လူစု/လူဝေးများ မပြုလုပ်ကြရန်၊ စားသောက် ဆိုင်များနှင့် ဈေးဆိုင်များအနေဖြင့် ကျန်းမာရေးလမ်းညွှန်ချက်ဖြင့် ဈေးရောင်းချကြရန်၊ ရောဂါဖြစ်ပွားသည့် နေရာဒေသများမှ ပြန်လာသူများရှိပါက ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန်နှင့် ပြည်သူများအနေဖြင့်လည်း ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပူးပေါင်း ပါဝင်ကြရန်အတွက် မုံးကိုးမြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကြိုတင် ကာကွယ်ရေးနှင့် လိုက်နာ ရမည့် လမ်းညွှန် ချက်များကို မုံးကိုးမြို့တွင်း၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော် သည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်/အထွက်တွင် စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်၊ ခရီးသွားရာဇဝင်မှတ်တမ်းများရယူခြင်း၊ နှာခေါင်း စည်းများ စနစ် တစ်ကျ တပ်ဆင် စေခြင်းနှင့် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)