ချောင်းဆုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့

ချောင်းဆုံ ဩဂုတ်  ၃၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ (ပြန်/ဆက်၊ ရဲတပ်ဖွဲ့၊ ဘေး/ စီမံ၊၊ အား/ ကာ)ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီကချောင်းဆုံမြို့နယ် ကမာကေး (အ.ထ.က) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိသူဇာက လူငယ်နှင့် စာဖတ်ခြင်း၊ သဘာဝပတ်ဝန်းကျင် (သို့မဟုတ်) အဖြူရောင်အန္တရာယ်နှင့် ကမ္ဘာကြီးကျန်းမာဖို့ စွန့်ပစ်ပစ္စည်းလျော့ချဖို့ အကြောင်းအရာများကိုလည်းကောင်း၊ မုရစ်ကလေး ရဲကင်းရဲစခန်းမှူး ရဲအုပ်ခင်မောင်ဝင်းက၊ ကလေးသူငယ်နှင့် သက်ဆိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းလမ်းစည်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ (အား/ကာ)ဌာန ဦးကျော်ဖြိုးအောင်ကဦးစီးဌာန၏ မျှော်မှန်းချက်ရည်မှန်းချက် အားကစားမှ အကျိုးပြုနိုင်သည့်အချက်များ အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ (ဘေး/စီမံ)ဌာန၊ ဦးကျော်ကျော်က သဘာဝဘေးနှင့် ပတ်သက်သည့် ဘေးအမျိုးအစားအကြောင်းအရာများကိုလည်းကောင်း၊ ဟောပြောခဲ့သည်။

ထို့နောက် (အား/ကာ)ဌာနမှ အားကစားပစ္စည်းများနှင့် (ဘေး/စီမံ)ဌာနမှ သဘာဝဘေးနှင့်ပတ်သက်ပြီး ဗီနိုင်းပိုစတာ၊ လက်ကမ်းစာစောင်များ ပေးအပ်ရာ တာဝန်ခံဆရာမက လက်ခံရယူပြီး ကျောင်းသား/ သူများအား အဆိုပါအဖွဲ့မှ မေးခွန်းအမေး/ဖြေများ မေးမြန်းခြင်း၊ ပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် ကျောင်းသား/ သူ(၁၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)