မြစ်ကြီးနား သြဂုတ် ၃၁
ကချင်ပြည်နယ်၏ အားကစားကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်မြင့်မားရေးအတွက် အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ် အားကစားကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်မြင့်မားလာစေရေး၊ ဆပ်ကော်မတီအသီးသီးနှင့် အနေဖြင့် လိုအပ် ချက်၊ အခက်အခဲများ ရင်ဆိုင်ရာတွင် အချင်းချင်းညှိနှိုင်းတိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ပေါင်းစပ်ကြိုးစား ကြရေး၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကျန်ရှိနေသည့် အားကစားနည်းများကိုလည်း ကြိုတင်ပြင်ဆင်လေ့ကျင့်ရာတွင် လိုအပ်ချက်၊ အခက်အခဲများကို တင်ပြကြရေး နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီနိုင်သွားနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အားကစားနှင့် ကာယညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက အားကစားနည်း အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အားကစားနည်းအလိုက် လိုအပ်ချက်၊ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ပေးနိုင်ရေး ရှင်းလင်းတင်ပြပြီး အားကစားနည်းအလိုက် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ကစားနည်းအလိုက် ထူးချွန်ကစားသမားများ ရွေးချယ်နိုင်ရေး ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားရမည့်ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် အားကစား အထောက်အကူပြု ပစ္စည်းလိုအပ်ချက်များ၊ လိုအပ်သော အထောက်အပံ့များ ကူညီပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီး က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အမျိုးသမီး ဂေါက်သီးရိုက်အသင်း၊ အမျိုးသမီးဘောလီဘောအသင်း၊ အေရိုးဗစ်အသင်းတို့သည် တံခွန် စိုက်ဆုဖလားများ ရရှိထားကာ ပြည်နယ်ဂျူဒိုအသင်းသည် အမျိုးသား/ အမျိုးသမီး တံခွန်ဆုဖလားအပြင် အကောင်းဆုံးဆုများကို လည်း ရရှိထားကြောင်းနှင့် အလားတူ ကျန်ပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ကို ရရှိထားကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)