ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သမဝါယမဦးစီးဌာနမှ အသင်းသားဝန်ထမ်းတစ်ဦးစီအား စားသုံးဆီတစ်ပိသာထောက်ပံ့

ဒဂုံအရှေ့ ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားဝန်ထမ်းများ အဆင်ပြေစွာ စားသုံးနိုင်စေရန်ရည်ရွယ်၍ စားသောက်ကုန်စည်ဖြစ်သော စားသုံးဆီထောက်ပံ့ခြင်းကို မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။  အဆိုပါထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်တင်တင်ညွန့်က ဝန်ထမ်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားဝန်ထမ်းတစ်ဦးလျှင် စားသုံးဆီ(၁)ပိသာနှုန်းဖြင့် အသင်းသားစုစုပေါင်း(၁၁)ဦးအတွက် စားသုံးဆီ(၁၁)ပိသာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် မြို့နယ်ဌာနဆိုင်ရာရှိဝန်ထမ်းများအား ဆန်များဖြန့်ဖြူးရောင်းချပေးခြင်း၊ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားဝန်ထမ်းများ အဆင်ပြေစွာစားသုံးနိုင်စေရန် စားသောက်ကုန်များထောက်ပံ့ပေးအပ်ခြင်းနှင့် အသင်း၏လုပ်ငန်းများ ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)