မင်္ဂလာဒုံမြို့နယ်၌ အသက်(၅) နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သံချဆေးများတိုက်ကျွေး

မင်္ဂလာဒုံ သြဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ရက်သတ္တပတ် အာဟာရတိုက်ကျွေးမှု အစီအစဉ်ဖြင့် အသက်(၅) နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးနှင့် သံချဆေးများကို ယနေ့နံနက်(၉) နာရီအချိန်က တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ထိုသို့တိုက်ကျွေးရာတွင် မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်၊ (၂/ခ)ရပ်ကွက်၊ (၃/က)ရပ်ကွက်နှင့် (၃/ခ)ရပ်ကွက်အတွင်းရှိ အသက် (၅) နှစ်အောက် ကလေးငယ်များကို မြို့နယ်ကျန်းမာရေးဆရာမ ဒေါ်အေးသီတာအောင်နှင့်အဖွဲ့မှ ကလေးငယ်များ ဖွံ့ဖြိုးကြီးထွားမှု သိရှိစေရန် ကိုယ်အလေးချိန်တိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ကြပြီး ကလေးငယ်(၂၅၀)ဦးအား ဗီတာမင်အေဆေးနှင့် သံချဆေးများ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

မြတ်သူဇာ  (မင်္ဂလာဒုံ)