ပန်းဘဲတန်းမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ နှင့် အလှူရှင်တစ်ဦးမှ မဟာမွန်မြတ်စေတနာပရဟိတအသင်းသို့ အလှူငွေလှူဒါန်း

ပန်းဘဲတန်း စက်တင်ဘာလ ၁၄

ပန်းဘဲတန်းမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌနှင့် အလှူရှင် တစ်ဦးမှ မဟာမွန်မြတ်စေတနာပရဟိတအသင်းသို့ ယမန်နေ့က အလှူငွေ ကျပ် နှစ်သိန်းလှူဒါန်း ခဲ့ကြောင်း သိရှိရပါသည်။

ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့်လိုအပ်သောနေရာများ တွင် ကူညီဆောင်ရွက် ပေးသော မဟာမွန်မြတ်စေတနာပရဟိတအသင်းအား မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး   ကော်မတီဥက္ကဌ    မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က အလှူငွေ ကျပ် တစ်သိန်းနှင့် အမှတ်() ရပ်ကွက် (၂၉)လမ်းနေ ဦးကျော်ဟိန်းက အလှူငွေကျပ် တစ်သိန်း၊ စုစုပေါင်း အလှူငွေကျပ် နှစ်သိန်းအား မဟာမွန်မြတ်စေတနာပရဟိတအသင်းသို့ လှူဒါန်း ပေးခဲ့ရာ အသင်းမှတာဝန်ရှိသူတစ်ဦးက လက်ခံခဲ့ကြောင်း သိရှိရပါသည်။

နေခြည်(ပြန်/ဆက်)