နမ့်ဆန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များ အား ဝင်ရောက်စစ်ဆေး

 

နမ်ဆန် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များက မြို့ပေါ်ရှိ စားစောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/ မရှိ ယမန်နေ့က ဝင်ရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့ပေါ်ရပ်ကွက်(၃)ခုဖြစ်သည့် မင်္ဂလာရပ်ကွက်၊ မြို့လယ်ရပ်ကွက်နှင့် နမ္မဝေါ ရပ်ကွက် တို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန် ထားမှုအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရေး အတွက် လိုက်နာမှုရှိစေရန် လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ အဆိုပါ စစ်ဆေးမှု လုပ်ငန်း များကို နောက်ပိုင်းတွင် ရှောင်တခင်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စည်း ကမ်း လိုက်နာမှုမရှိသော ဆိုင်ပိုင်ရှင်များအား ဆိုင်ထိုင်ရောင်းချခွင့်ပိတ်ပင် အရေးမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)