လင်းခေး သြဂုတ် ၁၄
လင်းခေးမြို့ နှမ်းစိုက်တောင်သူအချို့သည် တရုတ်နှမ်း(ခေါ်) နှမ်းနက်ရိတ်သိမ်းပေါ်ချိန် ယခု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နှမ်းရောင်းစျေးကျသဖြင့် စီးပွားရေး တွက်ခြေမကိုက် ဖြစ်ကြ ရကြောင်း အဆိုပါစိုက်ပျိုး တောင်သူများထံမှသိရှိရသည်။
“ လွန်ခဲ့တဲ့နှစ်များမှာ နှမ်းနက်အစေ့တစ်အိပ်ကို အနည်းဆုံး ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းခွဲ အထိ ရတယ်၊ ဒီနှစ် ရောင်းရစျေးကျဆင်းနေတယ်၊ လက်ရှိ ကျပ် ၈၅ဝဝဝိ တောင် ဝယ်သူနည်းလာပြီး၊ ၈ဝဝဝဝိ/-နဲ့ ၇၅ဝဝဝိ ရဖို့သိပ်မသေချာဘူးဖြစ်တယ်၊“
“ အခြားနှမ်းစျေး(ဆီထွက်)တစ်ပုံးကို ၄ဝဝဝဝိရဖို့ ခက်ခဲတဲ့ အခြေအနေမှာ ရှိပါတယ် ကိုဗစ်-၁၉ ကာကွယ် ရေး ကာလမှာ အရောင်းအဝယ်မသွက်၊ ရပ်ဝေးကနေ တိုက်ရိုက်လာဝယ်ယူကျ ကုန်သည် ပွဲစားတွေလည်း မလာ ရောက်နိုင်ကြတော့ဘူး“ ဒါကြောင့် အခုနှစ်နှမ်းနက် ပေါ်ချိန်မှာ ကျွန်တော်တို့ အတွက် စိုက်ပျိုးရေး စရိတ်တွေပြန်မကာမိဘူး၊နှမ်းအထွက်ကောင်းတယ် တစ်ဧကစိုက်ပျိုးသူက သုံး၊လေး၊ငါးအိတ် ရကြပါတယ်။ နှမ်းစျေးကျတာကြောင့် စီးပွားရေးတွက်ခြေ မကိုက်ကြဘူး”…ဟု နှမ်းနက် စိုက်ပျိုး ရိတ်သိမ်းလျက်ရှိသည့် လင်းခေးမြို့၊ တောင်ရွာရပ်နေ တောင်သူ လုံးစိုင်းကပြောပါသည်။
လင်းခေးမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်း အဓိကထားကြသော တောင်သူပြည်သူများအနေဖြင့် နှမ်း၊ မြေပဲ၊ ပဲစင်းငုံ၊ ပြောင်း နှင့် ကြံကိုသာ အားထားစိုက်ပျိုးခြင်းလုပ်ကိုင်ကြကာ ၎င်းတို့၏ မိသားစု စားဝတ်နေရေး၊ စီးပွားရေးကို ဆောင်ရွက် လျက်ရှိသူများယခုနှစ် ကိုဗစ်-၁၉ အခြေအနေ အရပ်ရပ်ကြောင့် နှမ်းစိုက်ပျိုး ရေးလုပ်ငန်း တွက်ခြေ မကိုက်မှုကို ကြုံတွေ့ကြရကြောင်း နှမ်းစိုက်ပျိုးတောင်သူများထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)