သာစည် ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ရှေ့ပြေးစီမံချက်အရ ပြုစုပြီးလူဦးရေစာရင်းအား လစဉ် ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူးဦးမောင်မောင်က ရှေ့ပြေးစီမံချက်အရပြုစုပြီး လူဦးရေစာရင်းများတွင် နိုင်ငံသားနံပါတ် နှစ်နေရာနှင့် အထက်ပါရှိသူများအား တစ်နေရာတည်းပါရှိရေး၊ နိုင်ငံသား စိစစ်ရေးအမှတ်များ ဖြည့်သွင်းနိုင်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ မွေးသက္ကရာဇ်များ မှန်ကန်စွာဖြည့်သွင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။ ဆက်လက်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်အိမွန်ကျော်က ရှေ့ပြေးစီမံချက်အရ ပြုစုပြီးလူဦးရေစာရင်းများတွင် မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်များနှင့်လူဦးရေ စာရင်းပါအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခု တည်းဖြင့် နှစ်ကြိမ်နှင့်အထက်ပါဝင်နေသူများ စိစစ်နိုင်ရေး၊ ၆၆/၆ ရှိ/မရှိအား စိစစ်နိုင်ရေး၊ ပြုစုပြီး လူဦးရေစာရင်းအား လစဉ်ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပါဝင်သော လုပ်ငန်းအဖွဲ့များဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြ ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)