မိုင်းဖြတ်မြို့နယ်၌ မျိုး​ကောင်းမျိုးသန့်ဒေသဆိတ်များ ၅၅​ကောင်ကို ​မွေးမြူ​ရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူး​ ပေးအပ်ပွဲကျင်းပ

မိုင်းဖြတ် သြဂုတ် ၂၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံ​ငွေဖြင့် မျိုး​ကောင်းမျိုးသန့် ဒေသဆိတ် (၅၅) ကောင်အား ​မွေးမြူ​ရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူး​ပေးအပ်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီက ဘိုရှီး​ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးညီညီ​အောင်က ​​​ဒေသဆိတ်များနှင့် စပ်လျဉ်းပြီး အမှာစကား​ပြောကြားခဲ့သည်။ ထို့​နောက် တာချီလိတ်ခရိုင်၊ ​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​ဒေါက်တာတင်ကိုကိုက  မျိုး​ကောင်းမျိုးသန့် ​ဒေသဆိတ်များ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက် များနှင့် ဆိတ်​မွေးမြူ​ရေးနည်းစနစ်အ​ကြောင်း သိ​ကောင်းစရာများ၊ မျိုး​ကောင်းမျိုးသန့် တိရစ္ဆာန်များ မွေးမြူခြင်းဖြင့်ရရှိလာမည့် အကျိုး​ကျေးဇူးများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးထွန်း​ရွှေက  ထပ်ဆင့်အမှာစကား​များကို​ပြောကြားခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူး ညီဝင်းထွန်းကကျွဲ၊ နွားများ​မွေးမြူရာတွင် ခြံ​လှောင်စနစ်ဖြင့် စနစ်တကျ​မွေးမြူရမည့် အချက်များကို ရှင်းလင်း​ပြောကြားခဲ့ သည်။

ယင်း​နောက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးညီညီ​အောင်၊ တာချီလိတ်ခရိုင်၊ ​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​ဒေါက်တာတင်ကိုကိုနှင့် တာဝန်ရှိသူများက  ဘိုရှီးကျေးရွာမှ ​ကျေးရွာ​နေပြည်သူများထံ ဒေသဆိတ် လက်ခံရရှိမှုမှတ်တမ်းများနှင့် အိမ်​ထောင်စု တစ်စုလျှင် ဆိတ် အထီး (၁​)​ကောင်၊ အမ(၁၀)​ကောင် ​​စုစု​ပေါင်း အိမ်​ထောင်စု (၅)စုအတွက် ဆိတ်ထီး (၅​)ကောင်၊ ဆိတ်မ(၅၀)​ကောင်ကို ​ လွှဲ​ပြောင်း​ပေးအပ်ခဲ့​ကြောင်း သိရသည်။

​မြို့နယ်(ပြန်/ဆက်)