မောင်တော ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မူးယစ်ဆေးဝါးနှင့် ယာဉ်/လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေးနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍ ဆိုးကျိုးများ၊ သုံးစွဲတဲ့ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ် ဆေးဝါးသုံးစွဲပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်ဆိုင်ရာ ထိခိုက်မှုများ၊ ပုဒ်မ၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေးဟောပြောခြင်း၊ မောင်တော မြို့မရဲစခန်း ဒုတိယစခန်းမှူး၊ ယာဉ်/ လမ်းစည်း ကမ်း ထိန်းသိမ်းရေး တပ်ဖွဲ့စုမှ ရဲအုပ်သန့်ဇင်လင်းက ယာဉ်/လမ်း စည်းကမ်းများနှင့် ပတ်သတ်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား အသိပညာပေးဟောပြောပေးခဲ့ကြပြီး အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းအုပ် ဆရာကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြကာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)