မိုင်းဖြတ်မြို့နယ်၌ မျိုးကောင်းမျိုးသန့် ဒေသနွားပြာစိမ်း(၁၁)​ကောင် ​မွေးမြူ​ရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူး​ပေးအပ်

မိုင်းဖြတ် သြဂုတ် ၂၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံ​ငွေဖြင့် ဒေသနွား နွားပြာစိမ်း အထီး(၁)​ကောင်၊ အမ (၁၀)​ကောင်အား ​မွေးမြူ​ရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူး​ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပါ​ယောင်း (၂) ​ကျေးရွာခန်းမ​ဆောင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်က ​​မွေးမြူ​ရေးလုပ်ငန်းဖြင့် ​ကျေးရွာ​နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်​ရေးနှင့် စပ်လျဉ်းပြီး အမအမှာစကားပြောကြာပြီး တာချီလိတ်ခရိုင်၊ ​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​ဒေါက်တာတင်ကိုကိုက  နွားပြာစိမ်း​ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် နွား​မွေးမြူ​ရေးနည်းစနစ်အ​ကြောင်း သိ​ကောင်းစရာများ၊ နွား​မွေးမြူခြင်းဖြင့် ရရှိလာမည့်အကျိုး​ကျေးဇူးများကို ရရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးထွန်း​ရွှေက နွားမွေးမြူးမည့် နေရာဒေသ ရွေးချယ်ရသည့် ရည်ရွယ်ချက်၊ နွား​မွေးမြူခြင်းလုပ်ငန်းအ​ကြောင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးညီဝင်းထွန်းက ​ကျွဲ၊ နွားများ​ မွေးမြူရာတွင် ခြံ​လှောင်စနစ်ဖြင့် စနစ်တကျ​ မွေးမြူရမည့်အချက်များ၊ လိုက်နာရမည့် စည်းကမ်းချက်များကို လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ ထွန်းဇော်ဝင်းက  စနစ်တကျမွေးမြူရေးနည်းလမ်းများ၊ ဆေးဝါးကုသရေးနှင့် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ​အောင်၊ တာချီလိတ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ​ဒေါက်တာတင်ကိုကိုနှင့် တာဝန်ရှိသူများက ပါခုံးကျေးရွာနေပြည်သူများထံ ​ဒေသနွားပြာစိမ်းများ လွှဲပြောင်းပေးအပ်မှုမှတ်တမ်းနှင့် နွားများကို လွှဲပြောင်းပေးအပ် ခဲ့ပြီး  ဒေသနွားပြာစိမ်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းထွန်း​အေး