လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင်​ စျေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများလှည့်လည်​ရောင်းချ​ပေး

လှိုင်သာယာ(အနောက်ပိုင်း) ဩဂုတ်၂၈

ရန်ကုန်‌ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌​နေထိုင်ကြသည့် မိဘပြည်သူများ စားသုံးဆီကို​စျေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူစားသုံးနိုင်ရန်မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံ​ဆောင်ရွက်သည့် အစီအစဉ်ဖြင ်Ayeyar Hin thar Trading Co ., Ltd မှ တာ၀န်ခံနှင့် အဖွဲ့ဝင်များသည် စာသုံးဆီများကို မိဘပြည်သူများ လက်ဝယ်သို့ အ​ရောက်​စျေးကားဖြင့် ကွင်းဆင်းလှည့်လည်၍ သက်သာ​သော နှုန်းထားတို့ဖြင့် လှည့်လည်​ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီမှ စတင်ကာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အလယ်‌ကျေးရွာ၌ လူ(၁)ဦးလျှင်‌ meda တံဆိပ် ဆီ(၁)ပိဿာကို​ငွေကျပ်(၅၀၀၀/-)နှုန်းဖြင့်​ ရောင်းချ​ပေးခဲ့သည်။

ယင်းသို့ စားသုံးဆီများအား သက်သာသောနှုန်းထားဖြင့် လူ(၁)ဦးလျှင်‌ ရွှေတောင်တံဆိပ် ဆီ()ပိဿာနှုန်းဖြင့် မိဘပြည်သူများ၏ လက်ဝယ်သို့အ​ရောက်​ ရောင်းချ​​​ပေးခဲ့​ကြောင်း သိရှိရသည်။

ဝေလွင်ကျော်(ပြန်/ဆက်)