ဘူးသီးတောင် သြဂုတ် ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ်လျော့ချရေး (ကြိုတင်အသိပေးရှေးဦးပြုစုခြင်း၊ရှာဖွယ်ကယ်ဆယ်ရေး) စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ အခြေခံပညာ အထက် တန်းကျောင်း(ခွဲ)အ.လ.က(၃)စာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် ကြက်ခြေနီဒုတပ်ဖွဲ့မှူး ဦးအောင်စံသိန်းက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး သင်တန်းဘာသာရပ်များဖြစ်သည့် ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေ့ဦးပြုစုခြင်း ဖြစ်ပေါ်လာပုံ၊ အဆိပ်မိခြင်း၊ တရိစ္စာန်များကိုက်ခြင်း၊ ရေနစ်ခြင်းကိုပြုစုခြင်း၊ အပူလွန်ခြင်း၊ ပတ်ဝန်ကျင်းသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန်းရှင်းရေး ဒဏ်ရာရရှိသူများအား ပတ်တိပတ်ခြင်း ဘာသာရပ်တို့ကို လက်တွေ့သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းဆရာ(၂) ဦးတို့က စာတွေ့လက်တွေ့သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကို အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အ.လ.က(၃)ကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၂၂)ဦးတို့က တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)