ကန်ကြီးထောင့်မြို့နယ်တွင် လုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ကန်ကြီးထောင့်  သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့ ရန်ကုန်-ပုသိမ် ကားလမ်းရှိ မာလာကုန်းလမ်းဆုံ၌ လုံခြုံရေးဆိုင်ရာစစ်ဆေးခြင်းလုပ်ငန်းများကို  ယမန်နေ့ နံနက် ၈ နာရီ အချိန်မှစတင်၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင်   မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်ကြသူများအား  ယာဉ်မောင်း လိုင်စင် ရှိ/မရှိ၊ ယာဉ်လိုင်စင်ရှိ/မရှိ၊  ယာဉ်များ လိုင်စင်သက်တမ်းကျော်လွန်ခြင်းများရှိ /မရှိ နှင့်တရားမဝင် သယ်ဆောင် လာသော ဖောက်ခွဲရေးပစ္စည်းများနှင့်လက်နက်ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ညပိုင်းတွင် ရပ်ကွက်ကျေးရွာများအတွင်း မသင်္ကာဖွယ်ရာလူစိမ်းများဝင်ရောက်မှု ရှိ/မရှိ တို့အား ရပ်ရွာအေးချမ်းသာယာရေးအတွက် ကန်ကြီးထောင့်မြို့မာလာကုန်းလမ်းဆုံနှင့်မြို့နယ်အတွင်းရှိ၊ ကျိုက်လတ်နှင့် ကံရွာ နယ်မြေများအတွင်း လုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းများအား တပြိုင်တည်း ဆောင်ရွတ်လျက် ရှိကြောင်း သတင်းသည်။

မဇင်(ရွှေကန်မြေ)