စစ်တွေ ဩဂုတ် ၂၇
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်တွေခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးစိုးဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဦးစီးမှူးက စစ်တွေခရိုင်ရုံးမှ ဦးစီးအရာရှိ၏သား ဘာသာစုံဂုဏ်ထူးရှင် မောင်ကျော်ဇင်ထွန်းနှင့် ပေါက်တောမြို့နယ်ရုံးမှ လက်ထောက်ဦးစီးမှူး၏သား (၄) ဘာသာဂုဏ်ထူးရှင် မောင်အောင်နိုင်ဝင်းတို့ကို ဂုဏ်ပြုဆုငွေ၊ ဆုတံစိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာတို့ကို ပေးအပ်သည်။ ထို့နောက် စစ်တွေခရိုင်ဦးစီးမှူးက ပုဏ္ဏားကျွန်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ၏သား (၂) ဘာသာဂုဏ်ထူးရှင် မနေခြည်လင်းထက်နှင့် တစ်ဘာသာဂုဏ်ထူး ရရှိကြသူများဖြစ်ကြသော ပေါက်တောမြို့ နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဝန်ထမ်းများ၏ သားသမီးများကို ဂုဏ်ပြုဆုငွေ၊ ဆုတံစိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်တွေခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် ဘာသာစုံဂုဏ်ထူးရှင်တစ်ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်သုံးဦးတို့အား ဂုဏ်ပြုဆုငွေ၊ ဆုတံစိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)