ညောင်ဦးမြို့နှင့်ပုဂံမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချ

ညောင်ဦး  ဩဂုတ်  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့ အမှတ်(၁)ဆုတောင်းပြည့်ဘုရားဝင်းနှင့် ပုဂံမြို့ဈေးသစ်ကြီးအနောက်ဘက်အပေါက်ရှေ့တို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နှင့် ပုဂံမြို့ပြည်သူများ ချက်ပြုတ်စားသောက်မှု ကိစ္စများတစ်ဘက်တစ် လမ်းမှ အဆင်ပြေကြစေရန် မီးဖိုးချောင်သုံးစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားအုန်းဆီ ငါးဆယ်သားကျပ်ကို ၂၇၅၀ ကျပ်ဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး Mobile ကားဖြင့် လိုက်လံရောင်းချပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ Mobile ကားဖြင့် ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် ဆက်လက် ရောင်းချပေးရန် အစီအစဉ်များရှိကြောင်း  မိဘပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရန်အတွက် ရက်သတ္တပတ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယနေ့ ညောင်ဦးမြို့ ပြည်သူများအတွက် ၄၉၅ ပိဿာရောင်းချပေးခဲ့ပြီး ပုဂံမြို့ ပြည်သူများအတွက် ၃၃၀ ပိဿာ၊ စုစုပေါင်း စားသုံးဆီပိဿာချိန်  ၈၂၅ ပိသာရောင်းချပေး နိုင်ခဲ့ကြောင်းသိရသည်။

ကိုကြေးမုံ