မိုင်းခတ်မြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းခတ် သြဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(မိုင်းခတ်)တွင် အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန (မိုင်းခတ်)နှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ်၊ ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး ဦးအေးလင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီ‌အောင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်‌ပေါင်းသင်းဆက်ဆံ‌ရေး၊ လူငယ်နဲ့ကျန်းမာရေးစသည့် ခေါင်းစဉ်များဖြင့်  ဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်‌ဌေးကလူငယ်နှင့် ခေါင်းဆောင်မှု၊ လူငယ်နှင့် အားကစားအကြောင်းအရာများကို ဟောပြောခဲ့သည်

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဌေးက စားပွဲတင်တင်းနစ် ခုံ(၁)စုံပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်‌ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာ‌ပေး နံရံကပ်စာ‌စောင်များ ပြသရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။