မုဒုံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မုဒုံ ဩဂုတ် ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နီစံက “အားကစားနှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် လူငယ်များ ကျောင်းပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားစေရေး၊ အားလပ်ချိန်များတွင် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်ရေးအတွက် အချိန်ကို အကျိုးရှိရှိ အသုံးချတက်စေရေးနှင့် အားကစားကဏ္ဍဆိုင်ရာ သိကောင်းစရာများ၊ အားကစား ပညာရပ်များဖြစ်သည့် ဘောလုံးကစားခြင်း၊ ဘော်လီဘောကစားခြင်း၊ ခြင်းလုံးကစားခြင်း၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက် အားကစားနည်း စနစ်များအကြောင်း အားကစားပြုလုပ်ရာတွင် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ကျန်းမာရေးအကြောင်းအရာများကို အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/သူများ ကျန်းမာကြံခိုင် သန်စွမ်းစေရန်အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ  ကျောင်းအုပ်ဆရာမကြီးမှ လက်ခံယူခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား/သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သားငယ် (မုဒုံ)