ပေါက်တော ဩဂုတ် ၂၆
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ ရပ်ကွက် (၃) ရှိ ဘုတ်ဆိပ်၌ ကူးတို့စက်လှေများတွင် စီးနင်းသူ ခရီးသွားပြည်သူများ အသက်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယနေ့ နံနက် ၁၀ နာရီက ပေါက်တောမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကူးတို့ စက်လှေများတွင် အသက်ကယ်အင်္ကျီ (Life-jacket) ရှိ /မရှိ လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ထို့ပြင် ကူးတို့စက်လှေများတွင် စီးနင်းသူ ခရီးသွားပြည်သူများ အသက်အန္တရာယ် ကင်းရှင်းစေရန်အတွက် အသက်ကယ်အင်္ကျီ (Life-jacket) ဝတ်ဆင်အသုံးပြုနည်း အဆင့်ဆင့်ကို သရုပ်ပြသကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)