မိုင်းငေါ့ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/ကျောင်းသူလေးများ အသိပညာဗဟုသုတ ရှာဖွေရန်စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု

မိုင်းငေါ့ ဩဂုတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မိုင်းငေါ့မြို့ရုံး ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာပေလေ့လာဖတ်ရှုသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင်း သိရသည်။

စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး၊ HappyTime၊ တိုင်းရင်းသားရိုးရာရုပ်ပြပုံပြင် စသည့် စာအုပ်စာ‌စောင်များအပြင် ကလေးများအကြိုက်ပြိုင်ပွဲ အစီအစဉ်များပြုလုပ်ပေးကာ အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးကြောင်းကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်းအပြင် စာကြည့်တိုက်ကို ဗဟုသုတရှာဖွေရာနေရာ တစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ Talk Show များ ပြု လုပ်ဆောင်ရွက်ပြီး Online မှ တဆင့်လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းငေါ့မြို့ရုံး ပြည်သူ့စာကြည့်တိုက် အတွင်းရှိကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက် ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်၊ စာကားပုံဆက်ခြင်း၊ စက္ကူအရုပ်‌ခေါက်ပြိုင်ပွဲ ၊စာဖတ်စွမ်းရည် စသည်ပြိုင်ပွဲများကို လစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)