ကျိုင်းတုံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ သိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်

ကျိုင်းတုံ ဩဂုတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ သဘာဝဘေးအန္တရာယ်လျော့ပါးရေးပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး ကျိုင်တုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးတင်မောင်မောင်ဝင်းက ဌာန၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရသည့်အပိုင်းများ ကျိုင်းတုံခရိုင်အနေဖြင့် ဘေးအန္တရာယ်လျော့ပါးရေးအတွက် သဘာဝဘေးကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး Talk  Showဆွေးနွေးပွဲ   အစီအစဉ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျော်စိန်သန်း(ပြန်/ဆက်)