အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌  နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်နိုင်စေရန်နှင့် ကူးစက်ပျံ့နှံ့မှုများ မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌  နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၏ လမ်း ညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ဈေးအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက် ဈေးဝယ်လာသူများနှင့် ဈေးရောင်းချသူများ အပါအဝင် ဈေးသို့ လာရောက်သူ မှန်သမျှကို ကိုယ်အပူချိန်တိုင်းတာခြင်း၊Hand Gel ဖြင့် လက်ဆေးစေခြင်း၊ ဈေးများတွင် လက်ဆေးဆပ်ပြာနှင့် ဘေစင်များ တပ်ဆင်ထားခြင်း၊နှာခေါင်းစည်း များ တပ်ဆင်စေခြင်း၊ ဈေးပိတ်ချိန်များတွင် ဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းစသည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန် ချက်များအတိုင်း နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)