မိုင်းဖြတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းဖြတ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း၏ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးမျိုးတင့်က ယခုလိုကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ စဉ်ကာလမှာ တက်နိုင်သမျှအိမ်မှာသာနေထိုင်နိုင်ရေး၊ မဖြစ်မနေ အပြင်သို့ ထွက်ပါက နှာခေါင်းစည်း(Mask) များတပ်ဆင်သွားလာနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ စာရေးဆရာဖေမြင့် ရေးသားထားသည့် “အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်ရာ  စာပေချစ်မြတ်နိုးသူများ အသင်းဝင်များဖြစ် ကြသည့် ဦးစိုင်းလောင်ခေးက မိမိ၏ဖြစ်နိုင်ခွင့်အလားအလာများကို အစွမ်းကုန်ဖွင့်ပေးပါ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ဆိုင်းခေါင်က ပြတ်ပြတ် သားသား ဆုံးဖြတ်လုပ်ကိုင်တတ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ဘူးဂျက အကောင်းဆုံးထက် ပိုင်ကောင်းအောင် ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြား ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် Youth For Youth အဖွဲ့ဝင် များဖြစ်ကြသည့် မောင်လင်းကိုဖြိုး က အောင်မြင်ရမည်ဟူသော စိတ်ဓာတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဟိန်းမြတ်မိုးက ကျားကုတ် ကျားခဲစိတ်ဓာတ် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီသီးဖတ်ကြားဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာကြသည့် စာပေးချစ်မြတ်နိုးသူများကို လက်ကို ဆပ်ပြာဖြင့်ဆေးစေခြင်း၊ နှာခေါင်းစည်း(Mask)များ (အခမဲ့)ဝေငှပေးခြင်းများကိုဆောင်ရွက်ခဲ့ပြီး တစ်ဦးနှင့်တစ်ဦး သက်မှတ်အကွာ အဝေးမှနေ၍ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)