သိန္နီ သြဂုတ် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး၊ စာအုပ်၊ စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေး၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် စာအုပ်စာစောင်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ငှားရမ်းပေးခြင်းများကို မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၊ စာရင်းစစ်ရုံးနှင့် စည်ပင်သာယာရေး ရုံးများသို့ တစ်လလျှင် (၂)ကြိမ် လှည့်လည်ငှားရမ်းပေးခြင်းဖြစ်သည်။ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများအနေဖြင့် စာအုပ်စာပေများကို ငှားရမ်းဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုရန် အခက်အခဲရှိ သူများအတွက် အဆင်ပြေစေရေး ရည်ရွယ်၍ သုတစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ ရုပ်ပြနှင့် ပုံပြင်စာအုပ်များအပါအဝင် ဗဟုသုတရစေမည့် စာအုပ်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)