ပင်လောင်း ဩဂုတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် အသက်(၁၆) နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲရှုံးထွက်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက အထက(၁) အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှုံးထွက်ပွဲစဉ်(၁)တွင်အ.ထ.က(ထီတလိ)အသင်းနှင့် အ.ထ.က(ခွဲ)ရေဦး-ထီယွန်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထက(ခွဲ)ရေဦး-ထီယွန်းအသင်းကတစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားပြီး၊ ပွဲစဉ်(၂)တွင် အထက-၂အသင်းနှင့်အ.လ.က(တခါးယဉ်)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထက-၂ အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်းနှင့် ပွဲစဉ် (၃)တွင် အ.ထ.က (ခွဲ) နန်းပန်းအသင်းနှင့် အ.လ.က(ဝါးရန်)အသင်း၊ ပွဲစဉ်(၄)တွင် အ.ထ.က-၁ အသင်းနှင့်အထက တီကျစ်အသင်းတို့ဆက်လက်ယှဉ် ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ရှုံးထွက်ပွဲစဉ်များကို သြဂုတ်၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို သြဂုတ်၂၉ ရက်နေ့တွင်လည်းကောင်း ဗိုလ်လုပွဲကိုသြဂုတ် ၃၀ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)