ကျိုင်းတုံ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး စာဖတ်ရှိုန်မြှင့်တင်ရေး ဟောပြောပွဲကို ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်းနှင့် အားလပ်သည့်အချိန်များတွင် စာပေဖတ်ရှုလေ့လာကြရန် အသိပညာပေးဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ပြသထားသည့် စာဖတ်ရှိုန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်၊ စောင်များအား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)