လွိုင်လင် ဩဂုတ်၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်၉ နာရီ ခွဲက အထက-၂ လွိုင်လင်၊ သံလွင်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို အထက(၁)လွိုင်လင်ကျောင်းသူ/ကျောင်းသားများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပေးကြသည်။ ထို့နောက် လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲ အစီအစဉ်ကိုကျင်းပရာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက်အကောင်းဆုံးရရှိကြသည့် အထက(၃) လွိုင်လင်၊ အထက(၃)ပင်လုံနှင့် အထက(၁)ပင်လုံ ကျောင်းအုပ်ဆရာမကြီးများအား လွိုင်လင်တပ်နယ်မှုး ဗိုလ်မှူးကြီးသန်းထွန်းအောင်ကလည်းကောင်း၊ လေးဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် သုံးဘာသာဂုဏ်ထူးရှင်(၂)ဦးတို့ကို လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်မှလည်းကောင်း အသီးသီးဆုချီးမြှင့်ပေးကြသည်။ ဆက်လက်၍ နှစ်ဘာသာ ဂုဏ်ထူးရှင်(၇)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၆၇)ဦး တို့အား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးဆုများချီးမြှင့်ပေးကြပြီးနောက် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။ ဆက်လက်၍ အထက(၁)ပင်လုံ ကျောင်းသူလေးများက လောကအားမာန်သီးချင်း ဖြင့်ကပြဖျော်ဖြေခြင်းနှင့် အထက(၃)လွိုင်လင်မှ ကျောင်းသား/သူများ ပညာရည်ချွန်သီချင်းသီဆိုကာ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ပိတ်သိမ်းလိုက်ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် လွိ်ုင်လင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် လေးဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်(၆၇)ဦး စုစုပေါင်း (၇၇)ဦးဖြစ်ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ဆုရကျောင်းသား/သူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြကြောင်း သိရသည်။
လွိုင်လင်မိုး