ရမ်းဗြဲမြို့နယ်၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးနှင့်သံချဆေးများ ဆက်လက်တိုက်ကျွေး

ရမ်းဗြဲ ဩဂုတ် ၂၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊     မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ရက်သတ္တပါတ်အာဟာရတိုက်ကျွေးမှု အစီအစဉ်ဖြင့် အသက်(၅) နှစ် အောက် ကလေးများ ဗီတာမင်အေဆေးနှင့် အားသံချဆေးများ ဆက်လက်တိုက်ကျွေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ထိုသို့တိုက်ကျွေးရာတွင် အသက် (၅) နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းမှ   ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကလေးငယ်များဖွံ့ဖြိုးကြီးထွားမှုကို တိုင်းတာခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေး၍ ကလေးငယ်များကို ဗီတာမင်အေဆေးနှင့် သံချဆေးများကို တိုက်ကျွေးပေးကြသည်။

အဆိုပါ အာဟာရဆေးများတိုက်ကျွေးခြင်းကို ယနေ့တွင် မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် အမှတ်(၄)၊ အမှတ် (၅)၊  အမှတ် (၆) ရပ်ကွက်များမှ ကလေးငယ်များ ဆက်လက်တိုက်က်ကျွေး ပေးလျက်ရှိကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)