မိုးနဲ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေ ချစ်မြတ်နိုးသူ စာငှား/ စာဖတ် ပြည်သူများအနေဖြင့် အလွယ်တကူ စာအုပ်ငှားရမ်း ဖတ်ရှုနိုင်စေရန်၊ အားလက်သောအချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အကျိုးရှိစွာ ကုန်ဆုံးစေရန်၊ စာပေဖတ်ရှု လိုက်ခြင်းကြောင်း အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို တစ်ပါတ်တစ်ကြိမ် လဲလှယ်ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိတ်သက်ပြည်သူများမှ ၎င်းတို့ကြိုက်နှစ်သက်သည့် စာအုပ်များကို ရွေးချယ်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)