မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြို့င်ပွဲသို့ ဂွမြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဂွ သြဂုတ် ၂၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရုံးတွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲသို့  ဂွမြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂွမြို့နယ်ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့်သူများအနက်  ဒေါ်စန်းစန်းမြင့်က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဂွမြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအနက် ဦးစိုးသီဟအား ထောက်ပံ့ငွေကျပ် (၂သိန်းခွဲ) ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူး မျိုးဇေယျာက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စန်းစန်းမြင့်အား ထောက်ပံ့ငွေကျပ် (၂သိန်းခွဲ) ကို လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်