ညောင်ဦးမြို့နှင့်ပုဂံမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ဒုတိယနေ့ရောင်းချပေး

ညောင်ဦး  ဩဂုတ်  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီး ဌာနတို့၏ကြီးကြပ်မှုဖြင့် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့ မဏိစည်သူဈေး၊ ဓားတန်းရပ်နှင့်ပုဂံမြို့ဈေးသစ်ကြီးအနောက်ဘက်အပေါက်ရှေ့တို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နှင့်ပုဂံမြို့ပြည်သူများ ချက်ပြုတ်စားသောက်မှု ကိစ္စများတစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုးချောင်သုံးစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင်စားအုန်းဆီ ငါးဆယ်သားကျပ်ကို ၂၇၅၀ ကျပ်ဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး Mobile ကားဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် ဆက်လက်ရောင်းချပေးရန် အစီအစဉ်များရှိကြောင်း၊  မိဘပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ရက်သတ္တပတ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ ညောင်ဦးမြို့ပြည်သူများ အတွက် ၄၉၅ ပိဿာရောင်းချပေးခဲ့ပြီး ပုဂံမြို့ ပြည်သူများအတွက် ၃၃၀ ပိဿာ၊ စုစုပေါင်း စားသုံးဆီပိဿာချိန်  ၈၂၅ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ