မိုင်းနောင် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်အားကစားနှင့်ကာယပညာဌာစီးနမှ ကြီးမှူး၍၂၀၂၂ခုနှစ် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဖလား အသက် (၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ( ၅) နာရီအချိန်က မြို့အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထူးထက်က အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များအားလုံး ပူးပေါင်း၍ ဘောလုံးပြိုင်ပွဲကို အဆင်ပြေပြေ ကြိုးစား ယှဉ်ပြိုင်ခဲ့မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပြိုင်ပွဲဝင်များအားလုံးအားကစားလှုပ်ရှားမှု အလေ့အကျင့်ကောင်းများရရှိလာပြီး မြို့နယ်အဆင့်လက်ရွေးစင် အားကစားသမားများမှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်ဘောလုံး အားကစားသမားကောင်းများ ထွက်ပေါ်လာသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ မိုင်းနောင်မြို့၊ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ဗိုလ်မှူးချုပ် နေလင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ နေရာအလိုက်အကောင်းဆုံးအားကစားသမား ဆုရရှိသူများအား တာဝန်ရှိသူများ ကချီးမြှင့်ကာ ဒုတိယဆု ရရှိသော (Fox.FC)အသင်းအား ဒုတိယဗိုလ်မှူးကြီး ညိုမင်းလွင်က ဆွဲပြားနှင့် ဆုငွေများကိုလည်းကောင်း၊ ပထမဆုရရှိသော (ရှင်းသန့်.FC) အသင်းအား၊ ကျေးသီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ထူးထက်က ဆွဲပြားနှင့်ဆုငွေများကိုလည်းကောင်း၊ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးချုပ်နေလင်း အောင်က ဆုဖလားကိုချီးမြှင့်ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)