ကျောက်ဆည် ဩဂုတ်၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇကွဲရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲတွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(၁၀၃၀)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး ကျောက်ဆည်မြို့၊ မြို့တော်ခန်းမနှင့် သံရွာ၊ မင်းစု၊ စမာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးရုံများ၊ စက်ရုံအလုပ်ရုံများ၊ အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာ၌ ပထမအကြိမ်တွင် (၂၀၇၅၇၆)ဦး၊ ဒုတိယအကြိမ်တွင် (၁၈၆၅၄၀)ဦး၊ တတိယအကြိမ်တွင်(၂၃၈၁၈)ဦးနှင့် စတုတ္ထအကြိမ် (၁၀၃၀)ဦး စုစုပေါင်း(၄၁၈၉၆၄)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ပြည်သူများ ကာကွယ်ဆေးထိုးရန် ကျန်ရှိမှုမရှိရေး ရပ်ကွက်၊ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သက်မောင်(ကျောက်ဆည်)